အမေရိကန်ပြည်ထောင်စုရှိ အိမ်ရာ

: အပ်ဒိတ်လုပ်ထားသည်7/22/2025
အမေရိကန်ပြည်ထောင်စု အနှံ့အပြားတွင် အိမ်ရာများ အလွန်ကွဲပြားပါသည်။ အမေရိကန်ပြည်ထောင်စုသို့ သင် စတင်ရောက်ရှိချိန်တွင် သင်သည် တိုက်ခန်း၊ ဟိုတယ် သို့မဟုတ် ရောက်နှင့်ပြီးသည့် ဆွေမျိုးသားချင်းများနှင့် နေရနိုင်သည်။ သင်တစ်ဦးတည်း ရောက်ရှိလာပါက အိမ်စရိတ်သက်သာစေရန် မကြာသေးမီကရောက်ရှိသူများနှင့် အိမ်တွင် စုနေနိုင်သည်။
Image
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် လူသစ်များကို သူတို့၏အိမ်သို့ ကြိုဆိုသည်။

အိမ်ရာဆိုင်ရာ အကူအညီ

အမေရိကန်ပြည်ထောင်စုတွင် အိမ်ရာအကူအညီသည် အကန့်အသတ်ရှိပြီး စောင့်ဆိုင်းစာရင်းရှိတတ်ပါသည်။ အိမ်ရာ အကူအညီ အစီအစဉ်ကို ပြည်နယ် သို့မဟုတ် ဒေသန္တရ အဆင့်တွင် စီမံခန့်ခွဲလေ့ရှိသည်။ ယင်းအစီအစဉ်များတွင် အကျုံးဝင်မှုသည် ကွဲပြားမှုများ ရှိပြီး လျှောက်ထားသူ၏ ဝင်ငွေ သတ်မှတ်ချက်ဘောင်ဝင်မှသာ ခွင့်ပြုပါသည်။ သင်၏ဝင်ငွေ အကန့်အသတ်ရှိပါက အိမ်ငှားခြင်းသည် သင့်အတွက် အဆင်မပြေနိုင်ပါ။ သင့်တွင် ပုံမှန်ဝင်ငွေ ရှိလာပါက သင့်လိုအပ်ချက်၊ ဝင်ငွေတို့နှင့် ကိုက်ညီသည့် အိမ်ကို ရွေးနိုင်ပါသည်။

Image
တိုက်ခန်းတစ်ခုအတွင်းပိုင်းတွင် ထိုင်စရာနေရာနှင့် မီးဖိုဆောင် တစ်စိတ်တစ်ပိုင်းကို မြင်ရသည်။
Image
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ကွာခြားသည့် ဈေးနှုန်းများဖြင့် အိမ်ရာရွေးစရာများကို စဉ်းစားကြသည်။

ပရိဘောဂများ

အိမ်တွင် ပရိဘောဂများတပ်ဆင်ခြင်းသည် ခက်ခဲနိုင်ပါသည်။ သို့သော် ယူအက်စ်သို့ ရောက်လာသော လူသစ်များအား ကူညီပေးနိုင်သည့် အရင်းအမြစ်များ၊ နည်းလမ်းများ ရှိရာတွင် ပရိဘောဂဘဏ်များ၊ ပစ္စည်းဟောင်းအရောင်းဆိုင်များ၊ အွန်လိုင်းမှ ရောင်းချခြင်းများ၊ ကွန်မြူနတီ သို့မဟုတ် အကျိုးအမြတ်မယူသည့် အဖွဲ့များလည်း ပါဝင်ပါသည်။ ဤအဖွဲ့များသည် မြို့အလိုက် ကွဲပြားမှု ရှိသည့်အတွက် သင့်အနီးအနားတွင် ရနိုင်မှုများကို လေ့လာစုံစမ်းခြင်းအားဖြင့် သင်၏ ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။ အိမ်ထောင်ပရိဘောဂ အများအပြားမှာ တပတ်ရစ်များဖြစ်နိုင်ကြောင်း သိထားပါ။ သင်သည် ပုံမှန်ဝင်ငွေရလာချိန်တွင် သင်၏ နှစ်သက်မှုနှင့် ငွေကြေး အခြေအနေပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါသည်။

Image
ပိုင်ဇယားက လစဉ်နေထိုင်မှု ကုန်ကျစရိတ်ကို စိတ်ဖြာ ဖော်ပြထားရာတွင် ၅၀% သည် အိမ်ရာအတွက် ဖြစ်သည်။

အိမ်ရာကုန်ကျစရိတ်

အမေရိကန်ပြည်ထောင်စုတွင် အိမ်ရာများ ဈေးကြီးပြီး နေစရာရှာဖွေခြင်းသည် ခက်ခဲပါသည်။ လူအများအပြားက အိမ် သို့မဟုတ် တိုက်ခန်းများကို ငှားရမ်းနေထိုင်ပြပါသည်။ ပြည်နယ်၊ မြို့နှင့် ဝန်းကျင်ပေါ်မူတည်ပြီး အိမ်ရာဈေးနှုန်းများ အလွန်ပင် ကွာခြားပါသည်။ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အိမ်ရာကုန်ကျစရိတ်သည် သင်၏ လစဉ်အသုံးစရိတ်တွင် အများဆုံးဖြစ်လိမ့်မည်။ အိမ်ပြောင်းရန် ဆုံးဖြတ်ပါက သင်၏ အိမ်ငှားစာချုပ်အရ အိမ်ရှင်အား ကြိုတင် အကြောင်းကြားရန် လိုပါသည်။ ပြောင်းရွှေ့ခြင်းကလည်း ဈေးကြီးပါသည်။ ထို့ကြောင့် အိမ်ငှားစာချုပ်ကို မရပ်မီ ကုန်ကျစရိတ်ကို သင်က ကျခံနိုင်ခြင်းရှိမရှိ စိစစ်ပါ။

အိမ်ရာဆိုင်ရာ အခွင့်အရေးနှင့် တာဝန်များ

Image
စာတိုက်တစ်ခု၏ တည်နေရာနှင့် လိပ်စာပြောင်းဖောင်ပုံစံ AR-11

အမေရိကန်ပြည်ထောင်စုတွင် အိမ်ရှင်၊ အိမ်ငှား နှစ်ဦးစလုံး အခွင့်အရေးနှင့် တာဝန်များ ရှိကြပါသည်။ သင်က တိုက်ခန်း သို့မဟုတ် အိမ်ကို ငှားပါက အငှားစာချုပ် ဟု ခေါ်သည့် သဘောတူညီချက်ကို သင် လက်မှတ်ရေးထိုးရပါသည်။ ယင်း အငှားစာချုပ်တွင် သင်က အိမ်ငှားဖြစ်ပြီး အိမ်ရှင်ထံမှ အချိန်ကာလတစ်ခုအကြာငှားရမ်းကြောင်း၊ အိမ်လခနှင့် ရေခမီးခကို အချိန်မှန် ပေးချေမည့်အကြောင်း၊ အိမ်ရာကို မပျက်စီးရန် ထိန်းသိမ်းမည့်အကြောင်း သဘောတူရပါသည်။ သင်လက်မှတ်ထိုးထားသည့် အငှားစာချုပ်ကို ချိုးဖောက်ခြင်း (အငှားစာချုပ် သက်တမ်းမကုန်မီ ထွက်ခြင်း) ကြောင့် ဒဏ်ကြေးပေးဆောင်ရနိုင်ပြီး သင်၏ ငွေချေးငှားနိုင်မှု အဆင့်သတ်မှတ်ချက်အပေါ် ထိခိုက်နိုင်စေသည်။ အကယ်၍ ပြောင်းရွှေ့ပါက ယူအက်စ် အစိုးရ၊ စာတိုက် စသည်တို့ကို အကြောင်းကြားခြင်း အပါအဝင် သင်လုပ်ဆောင်ရမည့်အရာများ ရှိပါသည်။ 

အိမ်ရှင်၏ တာဝန်များ

အိမ်ရာဥပဒေများသည် အိမ်ရှင်နှင့် အိမ်ငှား နှစ်ဦးစလုံးအပေါ် သက်ရောက်ပါသည်။ အိမ်ရာသည် ငှားရမ်းနိုင်ရန်အတွက် သတ်မှတ်ထားသော လုံခြုံမှု၊ သန့်ရှင်းမှုတို့နှင့် ပြည့်မီရမည် ဖြစ်သည်။ လျှပ်စစ်၊ ရေဆင်းမှု၊ အပူပေးစနစ်များအားလုံး ကောင်းမွန်သည့် အနေအထားတွင်ရှိရန် အိမ်ရှင်က သေချာစေရမည်။ မီးခိုးငွေ့သတိပေးစက် တပ်ဆင်ထားပြီး ပိုးမွှားနှင့် ကြွက်များ မရှိကြောင်း သေချာစေရမည်။ အိမ်ရာဥပဒေများအရ အိမ်ငှားများ၏ လူမျိုး၊ မူရင်းနိုင်ငံ၊ ဘာသာ၊ လိင်၊ မိသားစု အခြေအနေ သို့မဟုတ် ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာ အခြေအနေများကြောင့် အိမ်ရှင်က ငြင်းပယ်ခြင်း မပြုရပါ။ 

အိမ်နီးချင်းကောင်း ဖြစ်ခြင်း

အမေရိကန်ပြည်ထောင်စုတွင် အိမ်နီးချင်းကောင်းဆိုသည်မှာ သူ၏အိမ်အနီး သို့မဟုတ် တိုက်ခန်းအနီးနေထိုင်သူများအတွက် ထည့်သွင်းစဉ်းစားပေးသူ ဖြစ်သည်။ အိမ်နီးချင်းကောင်းသည် တိုက်ခန်းအဆောက်အအုံ၏ အများသုံးနေရာကို သန့်ရှင်းစွာ ထားရှိသူ၊ အိမ်ဖြစ်ပါက ခြံတွင်း မြက်ရိတ်ခြင်း၊ အမှိုက်သိမ်းသည့်နေ့တွင်သာ အမှိုက်ပုံးထုတ်ခြင်းတို့ ပြုလုပ်သည်။ အများအတွက် ထည့်သွင်းစဉ်းစားပေးသော အိမ်နီးချင်းသည် အခြားသူများအား အနှောက်အယှက် မဖြစ်စေရန် အလို့ငှာ ညဘက်တွင် ဆူညံသံများ လျှော့ချပေးသည်။

Image
Man holding moving boxes.
Image
A woman mowing the grass, a man throwing trash in a bin, a man moving a garbage bin.
Image
Screenshot of Settle In app
Image
App Icon

Settle In အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ

ဗီဒီယိုတိုများ၊ တုန့်ပြန်သည့် သင်ခန်းစာများ၊ သင်ယူခြင်း တိုးတက်မှုကို ခြေရာခံသည့် တံဆိပ်များကို ရယူအသုံးပြုပါ။ Settle In သည် သင်၏ ရွှေ့ပြောင်းအခြေချနေထိုင်သည့် ခရီးစဉ်အတွင်း သင်၏ အဖော်မွန်ဖြစ်ပါသည်။

ဤဆောင်းပါးက အသုံးဝင်ပါသလား။
1
0