အမေရိကန်ပြည်ထောင်စုရှိ အလုပ်အကိုင်
အလုပ်တစ်ခုရှာဖွေခြင်း
အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြား ရှိပြီး အလုပ်လုပ်နိုင်သော အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်းသည် အလုပ်အကိုင်ရှာဖွေရေးကို ဦးစားပေးလုပ်ဆောင်သင့်ပါသည်။ အစိုးရထောက်ပံ့ရေးသည် အချိန်နှင့် ပမာဏ အကန့်အသတ်ရှိသောကြောင့် သင် အေမရိကန်သို့ ရောက်ရှိပြီးနောက် တတ်နိုင်သမျှ အမြန်ဆုံး အလုပ်ရှာရန် အေရးကြီးပါသည်။
အစိုးရဘက်က အလုပ်အကိုင်အတွက် အာမခံပေးထားခြင်းမရှိပါ။ အလုပ်ရှာရန် ရက်သတ္တပတ် သို့မဟုတ် လများစွာ ကြာနိုင်ပြီး အလုပ်အင်တာဗျူးများစွာ ကျော်ဖြတ်ရနိုင်သည်။ အလုပ်ရှာရန်နှင့် ယေဘုယျ အင်တာဗျူးအကြံဉာဏ်များကို လေ့လာရန် သင်၏ အလုပ်အကိုင်ကျွမ်းကျင်သူနှင့် လက်တွဲလုပ်ဆောင်သင့်သည်။
သင့်ကို ပထမဆုံး ကမ်းလှမ်းသော အလုပ်သည် လစာနည်းနေခြင်း သို့မဟုတ် သင့်နယ်ပယ်မဟုတ်သော အလုပ်တစ်ခုဖြစ်သည့်တိုင် ထိုအလုပ်အား သင် လက်ခံလုပ်ဆောင်သင့်ပြီး သို့မှသာ သင်သည် အလုပ်မှတ်တမ်းတစ်ခု တည်ဆောက်နိုင်ကာ သင့်မိသားစုကို စတင်ထောက်ပံ့နိုင်မည်ဖြစ်သည်။ သင့်ကို ကမ်းလှမ်းသည့် အလုပ်ကို ငြင်းဆိုလိုက်ပါက အစိုးရထောက်ပံ့ရေးများ ဆုံးရှုံးသွားနိုင်ပါသည်။ တူညီသော အလုပ်တစ်ခုတွင် လျှောက်ထားသူ အများအပြားရှိတတ်သောကြောင့် နယ်ပယ်အသစ်တစ်ခုတွင် အခြေခံအဆင့်ရာထူးဖြင့် အလုပ်တစ်ခုကို လက်ခံလိုစိတ်ရှိထားရန် အေရးကြီးပါသည်။ အလုပ်မှတ်တမ်းကောင်းတစ်ခု တည်ဆောက်ရန် သင်သည် အလုပ်တစ်ခုတွင် အနည်းဆုံး ခြောက်လ လုပ်ကိုင်သင့်သည်။
အေမရိကန်နိုင်ငံတွင် အလုပ်ယဉ်ကျေးမှု
အေမရိကန်နိုင်ငံသည် အလုပ်ကြိုးစားသူများအတွက် အခွင့်အလမ်းများစွာရှိသော နေရာတစ်ခုဖြစ်သည်။ ပိုမိုကောင်းမွန်ပြီး လစာပိုရသည့် အလုပ်တစ်ခုရရှိရန်အတွက် အင်္ဂလိပ်လို ပြောတတ်၊ ဖတ်တတ်၊ ရေးတတ်ရန် လိုအပ်ပြီး စွမ်းရည်အသစ်များကို သင်ယူရန် လိုအပ်ပါသည်။ အကယ်၍ သင်သည် သင့်နိုင်ငံတွင် စနစ်တကျ သတ်မှတ်ထားသည့် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို လုပ်ကိုင်ခဲ့လျှင် အေမရိကန်နိုင်ငံတွင် ထိုနယ်ပယ်၌ အလုပ်မလုပ်မီ သင်တန်းတက်ရန်နှင့် အသိအမှတ်ပြု အောင်လက်မှတ် ရယူထားရန် လိုအပ်ပါသည်။
အေမရိကန်နိုင်ငံတွင် အမျိုးသမီးများရော အမျိုးသားများပါ အလုပ်လုပ်ပါသည်။ လုပ်သားအင်အား ထက်ဝက်ခန့်သည် အမျိုးသမီးများဖြစ်ပြီး အဆင့်အဆင့်တိုင်းတွင် အမျိုးသားများနှင့် တူညီသည့် အလုပ်များကို လုပ်ကိုင်ကြသည့်အပြင် တစ်ခါတစ်ရံတွင် အမျိုးသား အလုပ်သမားများကို ကြီးကြပ်ရလေ့ရှိသည်။
အေမရိကန်နိုင်ငံတွင် အသက် ၁၄ နှစ်နှင့်အထက် ကလေးများသည် အချိန်ပိုင်းအလုပ်များတွင် အလုပ်လုပ်နိုင်သော်လည်း ၎င်းတို့ လုပ်ဆောင်နိုင်သည့် နာရီအရေအတွက်နှင့် ၎င်းတို့ လုပ်နိုင်သည့် အလုပ်အမျိုးအစားများအတွက် အကန့်အသတ်ရှိနိုင်ပါသည်။ အေမရိကန်နိုင်ငံရှိ လူငယ်အများစုသည် ကျောင်းပြီးချိန်၊ စနေ၊ တနင်္ဂနွေနှင့် အားလပ်ရက်များတွင် အချိန်ပိုင်းအလုပ် လုပ်ကြသည်။ အေမရိကန်နိုင်ငံတွင် လူငယ်အလုပ်သမားများကို အကာအကွယ်ပေးသည့် ဥပဒေများလည်း ရှိပါသည်။
အလုပ်အကိုင် အခွင့်အရေးများနှင့် တာဝန်များ
အေမရိကန်နိုင်ငံတွင် ဝန်ထမ်းများသည် အလုပ်ခွင်တွင် ရရှိမည့် အခွင့်အရေးနှင့် လုပ်ဆောင်ရမည့် တာဝန်များရှိသည်။ သင် လုပ်ကိုင်ပေးသည့် အလုပ်အတွက် လုပ်ခရရှိရမည်ဟူသော အခွင့်အရေးရှိပြီး အလုပ်အကိုင်ဥပဒေများသည် အလုပ်သမားများအား အန္တရာယ်များသော အလုပ်လုပ်ကိုင်မှု အခြေအနေများမှ ကာကွယ်ပေးပါသည်။
အလုပ်ရှင်သည် သင့်အသက်၊ မသန်စွမ်းမှု၊ အိမ်ထောင်ရေးအခြေအနေ၊ လူမျိုး၊ ဇာတိ၊ ဘာသာရေး သို့မဟုတ် လိင် တို့ကြောင့် သင့်အား ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အလုပ် သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းကို ငြင်းပယ်ခြင်း မပြုနိုင်ပါ။ သို့သော် အချို့သော အလုပ်များ (အထူးသဖြင့် အစိုးရတွင်) သည် အမေရိကန် နိုင်ငံသားများအတွက်သာ ဖြစ်သည်။
အလုပ်သမားများသည် ခွဲခြားဆက်ဆံမှုနှင့် နှောင့်ယှက်စော်ကားမှုများ ကင်းစင်သော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ပိုင်ခွင့်ရှိပြီး ၎င်းလုပ်ရပ်များတွင် ပါဝင်သည်များမှာ
- လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်း (တစ်စုံတစ်ဦးကို စိတ်မသက်မသာဖြစ်စေသော သို့မဟုတ် မလုံခြုံစေသော လိင်သဘာဝအရ မလိုလားအပ်သော အပြုအမူများ)
- လူမျိုးရေး သို့မဟုတ် ဘာသာရေးပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု
- အနိုင်ကျင့်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း
- စိုးရိမ်ဖွယ်ရာများကို သတင်းပို့တိုင်ကြားခြင်း သို့မဟုတ် သင့်အခွင့်အရေးများကို အခိုင်အမာ ထုတ်ဖော်အသုံးချခြင်းအပေါ် လက်တုံ့ပြန်ခြင်း
အေမရိကန်နိုင်ငံတွင် လုပ်ခစား အလုပ်သမားတစ်ဦးအနေဖြင့် အေမရိကန်နိုင်ငံရှိ နေထိုင်သူအားလုံးအတွက် ပံ့ပိုးပေးသည့် ပရိုဂရမ်များ (ဥပမာ၊ ပညာရေး၊ SNAP၊ Medicaid၊ နှင့် အများပိုင်လမ်းများ) ကို ကူညီပံ့ပိုးပေးရန်အတွက် နှစ်စဉ် ဝင်ငွေခွန် ပေးဆောင်ရန် တာဝန်ရှိပါသည်။ သင် နေထိုင်ရာနေရာရှိ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများကို အခွန်ပေးဆောင်ရန် တာဝန်ရှိပါသည်။ သင့်အခွန်ငွေများကို နှစ်စဉ်နှစ်တိုင်း တင်သွင်းရာတွင် ကူညီပေးနိုင်သည့် စေတနာဝန်ထမ်း ဝင်ငွေခွန် ပံ့ပိုးကူညီမှုဆိုက်အဖြစ် ပြည်တွင်းအခွန်များ ဝန်ဆောင်မှုမှ အသိအမှတ်ပြုထားသော ဒေသတွင်း အကျိုးအမြတ်မယူသော အဖွဲ့အစည်းများကို ရှာဖွေ၍ အကူအညီရယူနိုင်ပါသည်။
အမေးများသော မေးခွန်းများ
အဖွဲ့အစည်းများသည် သင် ပြန်လည်အခြေချ နေထိုင်ရာ နေရာတိုင်းတွင် အလုပ်အကိုင် ဝန်ဆောင်မှုများကို ပံ့ပိုးကူညီပေးမည် ဖြစ်သော်လည်း အလုပ်အကိုင် ရှာဖွေခြင်းနှင့် ထိန်းသိမ်းခြင်းကို သင်ကိုယ်တိုင်သာ အဓိက ဦးဆောင်၍ လုပ်ဆောင်ရမည် ဖြစ်ပါသည်။
ကျွန်ုပ်သည် မည်ကဲ့သို့သော အလုပ်အမျိုးအစားများကို ရရှိနိုင်မည်နည်း။
သင်၏ ပထမဆုံးအလုပ်သည် သင့်မွေးရပ်မြေတွင် လုပ်ကိုင်ခဲ့သည့် အလုပ်နှင့် တူညီသော အလုပ် သို့မဟုတ် တူညီသော နယ်ပယ်မှ အလုပ်တစ်ခု ဖြစ်နိုင်မဟုတ်ပေ။ ၎င်းသည် အခြေခံအဆင့်ရာထူးဖြင့် အလုပ်၊ ကျွမ်းကျင်ပညာရှင် မဟုတ်သော အလုပ်တစ်ခု ဖြစ်နိုင်သလို ယာယီ သို့မဟုတ် အချိန်ပိုင်းအလုပ်တစ်ခုလည်း ဖြစ်နိုင်သည်။ အေမရိကန်နိုင်ငံတွင် လူနေမှုစရိတ် မြင့်မားသောကြောင့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံး အိမ်ပြင်ထွက်၍ အလုပ်လုပ်ရန် လိုအပ်နိုင်ပါသည်။
အများပိုင် သယ်ယူပို့ဆောင်ရေးများကို US ရှိ မြို့အများစုတွင် အသုံးပြုနိုင်ပါသည်။ သင်၏ ပထမဆုံးအလုပ်သို့ သွားရောက်ရန် အများပိုင် သယ်ယူပို့ဆောင်ရေးများအပေါ် အားထား၍ အသုံးပြုရန် လိုအပ်နိုင်သည်။