အမေရိကန်ပြည်ထောင်စုတွင် ရှင်သန်နေထိုင်နိုင်ရေးအတွက် သင်၏ ဒစ်ဂျစ်တယ်မိတ်ဖက်တစ်ဦး။
ကျွန်ုပ်တို့က မည်သို့ကူညီပေးနိုင်ပါသနည်း။
U.S ကို အခုမှရောက်လာသူလား။
အကယ်၍ သင်သည် မကြာသေးခင်ကရောက်ရှိလာသူဖြစ်လျှင် သင့်တွင် နေ့စဉ်ဘဝနေထိုင်မှု၊ ဝန်ဆောင်မှုများနှင့် စတင်လုပ်ဆောင်ပုံတို့အကြောင်း မေးစရာများစွာ ရှိနေနိုင်ပါသည်။ Settle In သည် သင်၏လူ့အဖွဲ့အစည်းအသစ်ထဲတွင် သင် ယုံကြည်မှုရှိရှိ လှုပ်ရှားသွားလာနေထိုင်နိုင်စေရန် ဒေသတွင်းဓလေ့ထုံးစံများနှင့် အရင်းအမြစ်များကို ကူညီပံ့ပိုးပေးထားပါသည်။
အမေရိကန်နိုင်ငံ၏ လူမှုဘဝ
အလုပ်အကိုင်ရှာဖွေရေးအတွက် အကူအညီလိုသည် ဖြစ်စေ၊ သင်၏ အိမ်ဝန်းကျင်အသစ်ကို စုံစမ်းလေ့လာလိုသည် ဖြစ်စေ၊ အမေရိကန်နိုင်ငံ၏ လူနေမှုဘဝကို ပိုမိုသိရှိလိုသည် ဖြစ်စေ၊ Settle In ထံတွင် သင်၏ အသိုင်းအဝိုင်းအသစ်အတွင်း ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် သင်လိုအပ်သည့် သတင်းအချက်အလက်များ ရှိပါသည်။
တိကျမှန်ကန်သော အချက်အလက်များကို ရယူခြင်း
Settle In သည် သင့်အား အမေရိကန်နိုင်ငံ ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း ဖြစ်စဉ်အတွင်းနှင့် အမေရိကန်နိုင်ငံ၏ လူမှုဘဝအတွင်း ကူညီလမ်းညွှန်ပေးရန် ရာပေါင်းများစွာသော အရင်းအမြစ်များဖြင့် ပံ့ပိုးပေးပါသည်။ တိုက်ရိုက်အစီအစဉ်များ၊ ရင်းမြစ်များကို အသုံးချပြီး သင့်မေးခွန်းများအတွက် အကူအညီပံ့ပိုးမှုများကို ရယူပါ။