သယ်ယူပို့ဆောင်ရေး
အမေရိကန်ပြည်ထောင်စုတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ကားမောင်းခြင်းတို့ကို ဥပဒေဖြင့် ထိန်းချုပ်ထားသည်။ အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးစရောက်ချိန်တွင် သွားလိုသည့်နေရာများကို လမ်းလျှောက်သွားနိုင်ရသည်။ မကြာခင် အများ ပြည်သူ သယ်ယူပို့ဆောင်ရေးကို သုံးတတ်လာမည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးသည် တစ်နေရာနှင့် တစ်နေရာ မတူညီပေ။ အချို့နေရာ များတွင် သွားလိုသော နေရာတိုင်း ရောက်သည်။ အခြားနေရာများတွင် တစ်ခါတစ်ရံသာ ရှိုပြီး မရှိနိုင်ပါ။
ကိုယ်ပိုင်ယာဉ် ရှိခြင်းသည် အကျိုးအမြတ်များနှင့် တာဝန်များရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ကားပိုင်ပြီး မောင်းခြင်းသည် ဈေးကြီးသည်။ အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးနေ့ရက် များအတွင်း ပတ်ဝန်းကျင်သစ်ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးဖြင့် သွားကြည့်သင့်သည်။ နောက်ပိုင်းတွင် အလုပ်ရပြီး ကားကုန်ကျစရိတ်များကို တတ်နိုင်ပါက ကားဝယ်ပါ။ သို့သော် ကားဝယ်လျှင် လိုက်နာရမည့် ကားအာမခံ၊ ယာဉ်မောင်းလိုင်စင်နှင့် ဘေးကင်းမှုနှင့်ဆိုင်သည့် ဥပဒေများ ရှိသည်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးသည် မြို့ရှိ လူများကို ကားမပါဘဲ သွားနိုင်စေသည်။ သင် စီးသော ယာဉ်ပေါ်သို့ တက်နည်း၊ စီးနည်း၊ ဆင်းနည်းတို့ကို သိရန် လိုသည်။ အမေရိကန်ပြည်ထောင်စုတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအမျိုးအစား (၃) မျိုး ရှိသည်။ ဘတ်စ်ကားများ၊ မြေအောက်ရထားများ နှင့် အသွားအပြန်ရထားတို့ ဖြစ်သည်။ အစီအစဉ်အတိုင်း မောင်းနှင်ပြီး တိကျသော နေရာများတွင် စီးနင်းသူများ အတက်အဆင်း ပြုလုပ်နိုင်ရန် ရပ်ပေးသည်။ များသောအားဖြင့် အများပြည်သူ သယ်ယူပို့ဆောင် ရေးကို အသုံးပြုရန် လက်မှတ်ဝယ်ရသည်။ တက်စီနှင့် အခြားဝန်ဆောင်မှုများ ရှိသော်လည်း ဈေးကြီးသည်။
သင့်ပတ်ဝန်းကျင်တွင် လမ်းလျှောက်ပါက အန္တရာယ်ကင်းစေရန် လမ်းအမှတ်အသားများနှင့် အချက်ပြများကို သတိပြုပါ။ ထောင့်များနှင့် လူကူးမျဉ်းကျားများတွင် လူသွားလမ်းကို သုံးပါ။
မြို့တော်တော်များများသည် စက်ဘီးများအတွက် လမ်းသက်သက်ပေးထားပြီး စက်ဘီးစီးသမားများ အတွက် မီးပွိုင့်နှင့် ဘေးကင်းရေးစည်းကမ်းများ ရှိသည်။ စက်ဘီးစီးခြင်းသည် လက်တွေ့ကျပြီး ဈေးသက်သာသော သွားနည်းတစ်ခု ဖြစ်သည်။ သို့သော် ဘေးကင်းစွာ စက်ဘီးစီးရန် လမ်းစည်းကမ်းကို သိရမည်။