ကျန်းမာရေးအာမခံ သို့မဟုတ် ကုန်ကျစရိတ်သက်သာသော ပြုစုစောင့်ရှောက်မှုရယူခြင်း နည်းလမ်း ၆ ခု- အသစ်ရောက်သူများအတွက် လမ်းညွှန်

: အပ်ဒိတ်လုပ်ထားသည်10/20/2026
သင်သည် Medicaid သို့မဟုတ် CHIP အတွက် အရည်အချင်းမပြည့်မီပါက သို့မဟုတ် သင့်အာမခံကာကွယ်မှု သက်တမ်းကုန်ဆုံးပါက ကျန်းမာရေးအာမခံရယူရန် သို့မဟုတ် စရိတ်သက်သာသော ပြုစုစောင့်ရှောက်မှုရယူရန် အခြားနည်းလမ်းများ ရှိနိုင်ပါသည်။ ပိုမိုသိရှိနိုင်ရန် ဤဆောင်းပါးကို ဖတ်ပါ။
Image
medical provider holding tablet with health icons displayed

အမေရိကန်ပြည်ထောင်စုတွင် ကျန်းမာရေးအာမခံသည် ဆေးကုသပြုစုစောင့်ရှောက်မှုအတွက် ငွေပေးချေရာတွင် အထောက်အကူပေးသည်။ အာမခံသည် အစိုးရအစီအစဉ်တစ်ခု၊ သင့်အလုပ် သို့မဟုတ် ပုဂ္ဂလိကအာမခံအစီအစဉ်မှ ရရှိနိုင်ပါသည်။ အချို့ကျန်းမာရေးဆေးခန်းများသည် အာမခံမရှိသူများအတွက် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်သက်သာသော ပြုစုစောင့်ရှောက်မှုကိုလည်း ပေးနိုင်ပါသည်။ 

သင်သည် Medicaid သို့မဟုတ် ကလေးငယ်ကျန်းမာရေးအာမခံအစီအစဉ် (CHIP) အတွက် အရည်အချင်းမပြည့်မီပါက သို့မဟုတ် သင့်အာမခံကာကွယ်မှု သက်တမ်းကုန်ဆုံးပါက ကျန်းမာရေးအာမခံရယူရန် သို့မဟုတ် စရိတ်သက်သာသော ပြုစုစောင့်ရှောက်မှုရယူရန် အခြားနည်းလမ်းများ ရှိနိုင်ပါသည်။ သို့သော် သင့်ရွေးချယ်ခွင့်များသည် သင်၏ နိုင်ငံတွင်းနေထိုင်ခွင့်အခြေအနေ၊ ဝင်ငွေ၊ အသက်၊ အိမ်ထောင်စုအရွယ်အစားနှင့် သင်နေထိုင်သော ပြည်နယ်ပေါ် မူတည်ပါသည်။ 

အကယ်၍ သင်သည် လတ်တလောတွင် Medicaid သို့မဟုတ် CHIP ရှိထားလျှင် သင်၏ ပြည်နယ် Medicaid သို့မဟုတ် CHIP အေဂျင်စီသည် သင်၏ အရည်အချင်းပြည့်မီမှုကို ပြန်သုံးသပ်ပေးရမှာဖြစ်ပြီး သင်၏အာမခံ အပြောင်းအလဲမလုပ်မီ သို့မဟုတ် အဆုံးမသတ်မီ သင့်ကို အကြောင်းကြားစာပေးပို့ရမှာဖြစ်သည်။ အေဂျင်စီတွင် သင့်လက်ရှိ ဆက်သွယ်ရန် အချက်အလက်များ မှန်ကန်စွာရှိကြောင်း သေချာစေပြီး၊ အကြောင်းကြားချက်များအားလုံးကို သတ်မှတ်ထားသည့် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ တုံ့ပြန်ပါ။ ပိုမိုသိရှိလိုပါက Medicaid နှင့် CHIP တွင် အပြောင်းအလဲများလုပ်ခြင်း- အသစ်ရောက်သူများအတွက် လမ်းညွှန်ကို ဖတ်ပါ။  

ဤလမ်းညွှန်တွင် ကျန်းမာရေးအာမခံရှာဖွေရန် သို့မဟုတ် ပြုစုစောင့်ရှောက်မှုကုန်ကျစရိတ် လျှော့ချရန် ရွေးချယ်စရာ ခြောက်မျိုးကို ဖော်ပြထားသည်။ စည်းမျဉ်းများသည် ပြည်နယ်နှင့် တစ်ဦးချင်းစီ၏ အခြေအနေများအလိုက် ကွဲပြားသည်။ သင့်အတွက် မည်သည့်နည်းလမ်းများ ရနိုင်လဲသိလိုပါက ယုံကြည်စိတ်ချရသည့် ကျန်းမာရေးအာမခံ လမ်းညွှန်ပေးသူ သို့မဟုတ် နေရာပြန်လည်ချထားပေးသူတစ်ဦးကို မေးပါ။ ကျန်းမာရေးအာမခံလမ်းညွှန်ပေးသူများသည် သင့်အတွက် အာမခံနည်းလမ်းများကိုရှင်းပြရန်နှင့် ကုန်ကျစရိတ်မရှိဘဲ လျှောက်ထားရန်အတွက် သင့်ကို ကူညီပေးရန် သင်တန်းတက်ထားသူများဖြစ်သည်။ 

1။ ဒုက္ခသည်များအတွက် ဆေးဘက်ဆိုင်ရာ အကူအညီ 

ဒုက္ခသည်များအတွက် ဆေးဘက်ဆိုင်ရာ အကူအညီကို RMA ဟု ခေါ်လေ့ရှိပြီး အသစ်ရောက်လာသူတချို့ကို ရေတိုကျန်းမာရေးအာမခံပံ့ပိုးပေးထားသည်။ သင်သည် ဒုက္ခသည်ပြန်လည်နေရာချထားရေးရုံး (ORR) မှတစ်ဆင့် ဝန်ဆောင်မှုများ ရယူခွင့်ရှိပြီး Medicaid အတွက် အရည်အချင်းမပြည့်မီလျှင် သင်သည် RMA က ရရှိနိုင်သည့်အချိန်ကာလအတွင်းမှာရှိနေလျှင် သင်ရရှိနိုင်ပါသည်။ 

၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဒုက္ခသည်ပြန်လည်နေရာချထားရေးရုံး (ORR) သည် RMA အရည်အချင်းကာလကို ၈ လမှ ၁၂ လအထိ တိုးမြှင့်ခဲ့သည်။ ဤပြောင်းလဲမှုသည် ယေဘုယျအားဖြင့် ORR အရည်အချင်းပြည့်မီမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက် သို့မဟုတ် ထို့နောက်ပိုင်းတွင်ရရှိထားသူတိုင်းနှင့် ယေဘုယျအားဖြင့် သက်ဆိုင်သည်။   

လူတစ်ဦးသည် ပြီးခဲ့သည့်လများအတွင် အရည်အချင်းပြည့်မီထားသူဖြစ်လျှင် ပြည်နည်အစိုးရအနေဖြင့် ထို ပြီးခဲ့သည့်တစ်လချင်းစီအတွက် အကူအညီများ သို့မဟုတ် ငွေပေးချေမှုများကို ပေါင်းထည့်ပံ့ပိုးပေးသင့်သည်။ ထိုသို့ထပ်တိုးပေးခြင်းသည် ပြည်နယ်တိုင်းတွင် အလိုအလျောက်မဖြစ်နိုင်ပါ။ လျှောက်ထားရမည့်နေရာနှင့် လျှောက်ထားရမည့်နည်းလမ်းကိုသိရှိရန်   သင့်ပြန်လည်နေရာချထားရေး ပံ့ပိုးပေးသူကို ဆက်သွယ်ပါ သို့မဟုတ် ပြည်နယ်ဒုက္ခသည်ကျန်းမာရေးညှိနှိုင်းရေးမှူး ကိုဆက်သွယ်ပါ။  RMA သည် အချိန်အကန့်အသတ်ဖြင့်သာ ရရှိနိုင်ပါသဖြင့် အမြန်ဆုံးလျှောက်ထားပါ။ 

သင့်ပြန်လည်နေရာချထားရေးပံ့ပိုးသူ သို့မဟုတ် ပြည်နယ်ဒုက္ခသည်ကျန်းမာရေးအစီအစဉ်ကို မေးမြန်းပါ- 

  • RMA အတွက် ကျွန်ုပ်က အရည်အချင်းပြည့်မီပါသလား။ 
  • ကျွန်ုပ်၏ အရည်အချင်းပြည့်မီသည့်ကာလသည် ဘယ်အချိန်တွင် စတင်ပြီး ဘယ်အချိန်တွင် အဆုံးသတ်မှာလဲ။ 
  • ဘယ်လိုမျိုးဆရာဝန်တွေ၊ ဆေးဝါးတွေနှင့် ဝန်ဆောင်မှုတွေကိုရယူဖို့ အကျုံးဝင်ပါသလဲ။ 

2။ ကလေးများနှင့် ကိုယ်ဝန်ဆောင်များအတွက် Medicaid သို့မဟုတ် CHIP 

သင်၏မိသားစုထဲက လူကြီးတစ်ယောက်က Medicaid ကိုဆုံးရှုံးသွားခဲ့ရင်တောင် ကလေးတစ်ယောက် သို့မဟုတ် ကိုယ်ဝန်ဆောင်မိသားစုဝင်တစ်ယောက်က Medicaid သို့မဟုတ် CHIP အတွက် အရည်အချင်းပြည့်မီနိုင်ပါသည်။ အရည်အချင်းသတ်မှတ်ချက်များနှင့် အစီအစဉ်အမည်များသည် ပြည်နယ်အလိုက်ကွဲပြားသည်။ 

တရားဝင်နေထိုင်သည့် ကလေးများ သို့မဟုတ် ကိုယ်ဝန်ဆောင်များသည် CHIPRA 214 ဆိုသည့်ရွေးချယ်စရာမှတစ်ဆင့် အကျုံးဝင်လားနှင့် လျှောက်ထားရမည့်နည်းလမ်းကို သင်၏ပြည်နယ်အစိုးရကိုမေးမြန်းရန် သင်၏ ပြည်နယ် Medicaid သို့မဟုတ် CHIP အေဂျင်စီ ကိုဆက်သွယ်ပါ။ ဤအာမခံကို ပံ့ပိုးထာသည့်ပြည်နယ်များကို Medicaid.gov တွင်ကြည့်ပါ။ 

3။ အလုပ်မှတဆင့် ကျန်းမာရေးအာမခံ 

သင့်အလုပ်ရှင် သို့မဟုတ် သင့်အိမ်ထောင်ဘက် သို့မဟုတ် မိဘ၏အလုပ်ရှင်သည် ကျန်းမာရေးအာမခံကို ကမ်းလှမ်းနိုင်သည်။ အလုပ်ရှင် သို့မဟုတ် လူ့စွမ်းအားအရင်းအမြစ် (HR) ရုံးသို့ မေးမြန်းပါ- 

  • ကျန်းမာရေးအာမခံအစီအစဉ်အတွက် လစာငွေတိုင်းမှ မည်မျှကိုဖြတ်တောက်မှာလဲ။ 
  • ကနဦးပေးချေရမည့်ငွေဆိုတာဘာလဲ၊ သို့မဟုတ် အာမခံအစီအစဉ်က ဝန်ဆောင်မှုအများအပြားအတွက် ငွေမပေးချေမီ ကျွန်ုပ်က မည်မျှပေးထားရမှာလဲ။ 
  • ကျွန်ုပ် လက်ရှိ ဆရာဝန်များနှင့် ဆက်လက်ပြသနိုင်ပါသလား၊ နောက်ပြီး ကျွန်ုပ်ရဲ့ဆေးဝါးများကရော အာမခံထဲအကျုံးဝင်ပါသလား။ 
  • Medicaid သို့မဟုတ် CHIP ကိုဆုံးရှုံးသွားရင် ဘယ်အချိန်မှာ စာရင်းသွင်းနိုင်မလဲ။ 
  • အာမခံအသစ်က ဘယ်အချိန်မှာ စတင်မလဲ။ 

Medicaid သို့မဟုတ် CHIP ကိုဆုံးရှုံးခြင်းကြောင့် အလုပ်ရှင်အစီအစဉ်တွင် ဝင်ရောက်ရန် အချိန်အကန့်အသတ်ဖြင့်ရှိနိုင်ပါသည်၊ ထို့ကြောင့် သင့်အာမခံကာကွယ်မှုပြီးဆုံးတော့မည်ဟူသော အကြောင်းကြားစာရသည်နှင့် အလုပ်ရှင်ကို ဆက်သွယ်ပါ။ 

4။ ကျန်းမာရေးအာမခံအစီအစဉ်များဝယ်နိုင်သည့်ဈေးကွက် 

ကျန်းမာရေးအာမခံဈေးကွက်သည် ကိုယ်ပိုင်ကျန်းမာရေးအာမခံအစီအစဉ်များကို အွန်လိုင်းတွင် နှိုင်းယှဉ်ကြည့်ရှု၍ ဝယ်ယူနိုင်သည့် နေရာဖြစ်သည်။ ပြည်နယ်အများစုသည် HealthCare.govကိုအသုံးပြုကြပြီး- တချို့ပြည်နယ်များမှာ ကိုယ်ပိုင် ဈေးကွက် ဝက်ဘ်ဆိုက်များရှိကြသည်။ 

သင်၏ နိုင်ငံတွင်းနေထိုင်ခွင့်အခြေအနေသည် ဈေးကွက်ရှိအစီအစဉ်တစ်ခုကို ဝယ်ယူခွင့်ရနိုင်ပါသည်။ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အာမခံဈေးကွက်အတွက် ဖက်ဒရယ်အစိုးရက ကူညီပေးမည့် ငွေပေးချေမှုအတွက် အရည်အချင်းပြည့်မီနိုင်သည့်စည်းမျဉ်းများသည့် အမေရိကန်နိုင်ငံသားမဟုတ်သူများအတွက် ပြောင်းလဲသွားမည်။ ထိုအကူအညီကို သင်အရည်အချင်းပြည့်မီမှုရှိမရှိသည် သင်၏ နိုင်ငံတွင်းနေထိုင်ခွင့်အခြေအနေ၊ အိမ်ထောင်စုဝင်ငွေနှင့် တခြားအခြေအနေများပေါ်တွင် မူတည်သည်။ 

သင်နှင့်သက်ဆိုင်မည့်အရာများကိုရှာဖွေရန်အတွက် လျှောက်လွှာကိုပြည့်စုံစွာဖြည့်စွက်ပါ သို့မဟုတ် ကျန်းမာရေးအာမခံလမ်းညွှန်ပေးသူနှင့် စကားပြောပါ။ HealthCare.gov ဒေသဆိုင်ရာ အကူအညီ ရှာဖွေရေး ကိရိယာကို အသုံးပြု၍ သင့်အနီးရှိ အကူအညီများကို ရှာဖွေပါ။ 

Medicaid သို့မဟုတ် CHIP ကိုဆုံးရှုံးခြင်းကြောင့် သင်သည် ပုံမှန်စာရင်းသွင်းကာလပြင်ပရှိ ကျန်းမာရေးအာမခံဈေးကွက်ရှိအစီအစဉ်တစ်ခုကို စာရင်းသွင်းခွင့်ရနိုင်သည်။ ၎င်းကို အထူးစာရင်းသွင်းခွင့်ကာလအပိုင်းအခြားဟုခေါ်သည်။ သင့်တွင် အာမခံဆက်လက်ရှိနေစေရန် လျှင်မြန်စွာလျှောက်ထားပါ။ 

အကူအညီလိုအပ်ပါက HealthCare.gov သို့ဝင်ကြည့်ပါ သို့မဟုတ် 1-800-318-2596 (TTY: 1-855-889-4325) သို့ ဖုန်းခေါ်ပါ။ အခမဲ့ဘာသာစကားအကူအညီများလည်း ရရှိနိုင်ပါသည်။ 

5။ ရပ်ရွာကျန်းမာရေးစင်တာများနှင့် တခြား ကုန်ကျစရိတ်သက်သာသည့် ဆေးခန်းများ 

သင့်တွင် ကျန်းမာရေးအာမခံမရှိသော်လည်း အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်သက်သာသည့် ပြုစုကုသမှုကို ရရှိနိုင်ပါသည်။ ရပ်ရွာကျန်းမာရေးစင်တာများသည် ဆေးစစ်ခြင်း၊ သာမန်ဖြစ်နေကျ ကျန်းမာရေးပြဿနာများအတွက် ပြုစုကုသပေးခြင်းနှင့် ဖျားနာမှုကို ကြိုတင်ကာကွယ်တားဆီးပေးနိုင်သည့် ပြုစုစောင့်ရှောက်မှုများကဲ့သို့ ကျန်းမာရေးဝန်ဆောင်မှုများ ပေးပါသည်။ သူတို့သည် သင့်ဝင်ငွေနှင့် မိသားစုအရွယ်အစားအပေါ် မူတည်၍ သူတို့၏အခကြေးငွေများကို လျှော့ချပေးနိုင်သည်။ 

HRSA ကျန်းမာရေစင်တာရှာဖွေသည့်ကိရိယာကို အသုံးပြု၍ အနီးရှိ ရပ်ရွာကျန်းမာရေးစင်တာကိုရှာဖွေပါ။ ထို့အပြင် National Association of Free & Charitable Clinics ၏ ဆေးခန်းရှာဖွေရေးကိရိယာကို အသုံးပြု၍လည်း အခမဲ သို့မဟုတ် ကုသိုလ်ဖြစ်ဆေးခန်းတစ်ခုကို ရှာဖွေနိုင်ပါသည်။ 

သင်၏ရပ်ရွာအဖွဲ့အစည်းတွင် အောက်ပါတို့ရှိနိုင်သည်- 

  • ခရိုင် သို့မဟုတ် မြို့ပြ ပြည်သူ့ကျန်းမာရေးဆေးခန်းများ 
  • ဘာသာရေးအခြေပြု ဆေးခန်းများ 
  • ရွေ့လျားဆေးခန်းများ 
  • ပြုစုကုသမှုစရိတ်ကို လျှော့ချပေးနိုင်သည့် သို့မဟုတ် အကျုံးဝင်သည့် ဆေးရုံအစီအစဉ်များ 
  • သွားဘက်ဆိုင်ရာ၊ အမြင်အာရုံဆိုင်ရာ၊ ကိုယ်ဝန်ဆောင်ဆိုင်ရာ၊ စိတ်ကျန်းမာရေးဆိုင်ရာ သို့မဟုတ် ဆေးစာပြုစုစောင့်ရှောက်မှုဆိုင်ရာ အစီအစဉ်များ 

 

သင့်အနီးရှိ ရပ်ရွာဆေးခန်းများနှင့် တခြားကျန်းမာရေးပြုစုစောင့်ရှောက်မှုအရင်းအမြစ်များကိုမေးမြန်းရန် သင်သည် 211 သို့လည်း ဖုန်းခေါ်နိုင်ပါသည် သို့မဟုတ် သင့်ဒေသဆိုင်ရာ 211 ကို အွန်လိုင်းတွင် ရှာဖွေပါ။  

 

ရက်ချိန်းမရောက်ခင် ဆေးခန်းသည် သင်၏ပြုစုကုသမှုကုန်ကျစရိတ်ကို လျှော့ပေးနိုင်ခြင်းရှိမရှိ သို့မဟုတ် တခြားငွေကြေးဆိုင်ရာအကူအညီပေးထားခြင်းရှိမရှိနှင့် သင်ယူဆောင်လာရမည့် စာရွက်စာတမ်းများကို မေးမြန်းပါ။ 

6။ ဆေးညွှန်းချက်များအတွက် ကူညီပေးချေခြင်း 

ဆေးဝါးတစ်ခုသည် ဈေးကြီးလွန်းနေလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပါ။ အောက်ပါကိုမေးပါ- 

  • အမျိုးတူဆေးဝါးဟုခေါ်သည့် ဈေးနှုန်းသက်သာသည့် ဆေးဝါးမျိုးကို ရရှိနိုင်ပါသည် 
  • ဆေးခန်း သို့မဟုတ် ဆေးဆိုင်တွင် ထိုဆေးဝယ်ရန် ငွေပေးချေမှုကို ကူညီပေးနိုင်သည့် အစီအစဉ်တစ်ခု ရှိသည်။ 
  • ထိုဆေးကိုထုတ်လုပ်သည့် ကုမ္ပဏီသည် ထိုဆေးဝါးအတွက် ကူညီငွေပေးချေနိုင်သည့် အစီအစဉ်တစ်ခုကို ကမ်းလှမ်းပေးနိုင်ပါသည်။ 
  • သင်သည် ဆေးကို အာမခံမရှိဘဲငွေပေးချေပါက ဆေးစာဈေးလျော့ပေးသည့်ကတ်သည် ဈေးနှုန်းကိုလျှော့ချပေးနိုင်သည်။ 

အရေးပေါ်ပြုစုကုသစောင့်ရှောက်မှုလိုအပ်လာလျှင် ဘယ်လိုလုပ်ရမလဲ။ 

911 ကိုခေါ်ပါ သို့မဟုတ် သင့်အတွက် အသက်အန္တရာယ်ရှိသည့်အရေးပေါ်ကိစ္စရပ်တစ်ခုခုဖြစ်လာပါက အရေးပေါ်အခန်းသို့သွားပါ။ Emergency Medicaid အတွက် အရေးပေါ်ပြုစုကုသစောင့်ရှောက်မှုကို လျှောက်ထားဖို့ မနှောင့်နှေးပါနှင့်။ 

နိုင်ငံတွင်းနေထိုင်ခွင့်အခြေအနေများကြောင့် Medicaid အပြည့်အဝမရရှိသူများသည် Emergency Medicaid အတွက် အရည်အချင်းပြည့်မီနိုင်သည်။ အရည်အချင်းပြည့်မီရန် သင်သည် သင့်ပြည်နယ်၏ အခြားလိုအပ်ချက်များဖြစ်သည့် ဝင်ငွေနှင့် နေထိုင်ခွင့်စည်းမျဉ်းများနှင့် ကိုက်ညီရမည်။ Emergency Medicaid သည် အရေးပေါ်ကုသမှုအချို့အတွက်သာ ငွေပေးချေသည်။ လျှောက်ထားရမည့်နည်းလမ်းနှင့် လျှောက်ထားရမည့်အချိန်နှင့် မည်သည့်ပြုစုကုသမှုမျိုးရနိုင်သည်ကိုသိရှိရန် ဆေးရုံ သို့မဟုတ် သင်၏ ပြည်နယ် Medicaid အေဂျင်စီ ကိုမေးပါ။ 

သင့်တွင် ရွေးချယ်စရာများရှိပါသေးသည် 

သင်သည် Medicaid သို့မဟုတ် CHIP အတွက် အရည်အချင်းမပြည့်မီပါကသို့မဟုတ် သင့်အာမခံကာကွယ်မှု သက်တမ်းကုန်ဆုံးပါက ကျန်းမာရေးအာမခံရယူရန် သို့မဟုတ် စရိတ်သက်သာသော ပြုစုစောင့်ရှောက်မှုရယူရန် အခြားနည်းလမ်းများ ရှိနိုင်ပါသည်။ သင့်အာမခံကာကွယ်မှုပြီးဆုံးတော့မည်ဟူသော အကြောင်းကြားစာ ရသည်နှင့် သင်၏ရွေးချယ်စရာများကို စတင်ကြည့်ပါ။ ကျန်းမာရေးအာမခံလမ်းညွှန်ပေးသူ၊ ပြန်လည်နေရာချထားရေးပံ့ပိုးသူ သို့မဟုတ် ပြည်နယ်အေဂျင်စီတစ်ခုက သင့်ရွေးချယ်စရာများကို နားလည်ရန်နှင့် လျှောက်ထားရန် ကူညီပေးနိုင်ပါသည်။ 

ဤဆောင်းပါးသည် ယေဘုယျအချက်အလက်များကို ပံ့ပိုးပေးထားပြီး ဥပဒေ သို့မဟုတ် ဆေးဘက်ဆိုင်ရာအကြံပေးချက်တစ်ခု မဟုတ်ပါ။ ကျန်းမာရေးအာမခံစည်းမျဉ်းများသည် ပြောင်းလဲနိုင်ပြီး ပြည်နယ်အလိုက် ကွဲပြားနိုင်သည်။ သင်အမှုတွဲနှင့်ပတ်သက်၍ အကြံဉာဏ်များရယူလိုပါက ပြည်နယ် Medicaid သို့မဟုတ် CHIP အေဂျင်စီ၊ ကျန်းမာရေးအာမခံနည်းပေးလမ်းညွှန်သူ သို့မဟုတ် သင်၏နေရာပြန်လည်ချထားရေးပံ့ပိုးပေးသူတို့ကို ဆက်သွယ်ပါ။ 

ဤဆောင်းပါးက အသုံးဝင်ပါသလား။
1
0