အဆင့် (၅): ထွက်ခွာခြင်း

: အပ်ဒိတ်လုပ်ထားသည်10/9/2025
ဤအဆင့်တွင် RSC သည် အမေရိကန် ပြည်ထောင်စုသို့ သင်သွားမည့် လေယာဉ်ခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းပေးရေးအဖွဲ့အစည်း International Organization for Migration (IOM) ပူးပေါင်းပြီး စီစဉ်ပေးလိမ့်မည်။ မှတ်ပုံတင်ပြီးသော ရွှေ့ပြောင်းခိုလှုံသူတစ်ယောက်အဖြစ် လေယာဉ်စရိတ် ကို အတိုးမဲ့ချေးယူနိုင်သည်။ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိပြီး ၃ နှစ်ခွဲအကြာတွင် ပြန်ဆပ်မည်ဟု ကတိပါသည့် ငွေပေးချေရန် ကတိစာချုပ်တွင် လက်မှတ်ထိုးရမည်။
Image
A map of the United States with a red dashed line showing a flight path from the east coast to the central region. An airplane icon is at the end of the path. A blue circle with a checkmark is located above the map.

အဆင့် (၅) ထွက်ခွာခြင်း

သင်ပိုင်ဆိုင်သော ပစ္စည်းများကို မရောင်းမီ၊ အလုပ်မထွက်မီ၊ အိမ်မှ မထွက်ခွာမီ IOM မှ ခရီးသွားရန် အကြောင်းအရာအသေးစိတ်ကို အတည်ပြုသည်အထိ စောင့်ဆိုင်းပါ။

ထွက်ခွာခြင်းနှင့် ပတ်သက်၍ အောက်ပါ ထောက်ပံ့မှုများကို ရရှိမည်။

နိုင်ငံမှ ထွက်ခွာခွင့်၊ လေယာဉ်ပြောင်းစီးခြင်းနှင့် ပြည်ဝင်ဗီဇာ

မထွက်ခွာမီခေါ်ဆောင်ပေးခြင်း

ကျးမှုဖလှယ်ခြင်းသင်တန်းတွင် ပေးထားသော ခရီးသွားခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ အပြင် လေယာဉ်ချိန်၊ လေကြောင်းလိုင်းစည်းမျဉ်းများ၊ အကောက်ခွန်လိုအပ်ချက်များနှင့် လေယာဉ်ပြောင်း စီးချိန်နှင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်တွင် လိုအပ်သည့် အချက်များကိုလည်း ထပ်မံလက်ခံရရှိမည်။

အမေရိကန်နိုင်ငံပြင်ပရှိ လေဆိပ်များသို့ သွားလာမှုနှင့် နားနေမှု

လေဆိပ်တွင် check-in (ချက်အင်)ဝင်ခြင်း၊ အကောက်ခွနှ်နှင့်

လူဝင်မှုကြီးကြပ်ရေးကိစ္စများအတွက် သင့်ကို ကူညီပေးလိမ့်မည်။

ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု

ခရီးသွားစဉ် စောင့်ရှောက်မှုလိုအပ်သော ခရီးသည်များကို လိုအပ်သလို ကူညီပေးမည်။

လေယာဉ်ပြောင်းစီးချိန်တွင် ကူညီခြင်း

လေယာဉ်ရှာဖွေရာတွင် ကူညီခေါ်ဆောင်ပေးမည်။ လေယာဉ်ပြောင်းစီးချိန်အတွင်း အစားအသောက်နှင့် နေထိုင်မှုကို IOM မှ စီစဉ်ပေးမည်။

ဆိုက်ရောက်ချိန်တွင် ကူညီခြင်း

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်တွင် IOM ဝန်ထမ်းမှ သင့်ကို လာကြိုပြီး နိုင်ငံတွင်း လေယာဉ်ပေါ်သို့ တင်ဆောင်ပေးမည်။ နောက်ဆုံး သွားမည့်နေရာတွင် ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီမှ လာကြိုမည်။

မကြာခဏမေးတတ်သော မေးခွန်းများ