အဆင့် (၄): အဆင့် (၄) ယဉ်ကျေးမှုဖလှယ်ခြင်း
: အပ်ဒိတ်လုပ်ထားသည်10/9/2025
အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ RSC သည် အမေရိကန်ပြည်ထောင်စုသို့ သွားသော ခရီးနှင့် ရောက်သောအခါ ကြုံတွေ့နိုင်သောအရာများကို ရှင်းလင်းသင်ကြားပေးမည်။
Image

အဆင့် (၄) ယဉ်ကျေးမှုဖလှယ်ခြင်း
ယဉ်ကျေးမှုဖလှယ်ခြင်းသည် အမေရိကန် ပြည်ထောင်စု ဥပဒေများနှင့် ယဉ်ကျေးမှုကို လက်တွေ့ကျကျ နားလည်စေရန် ပြင်ဆင်ပေးသည်။ ယဉ်ကျေးမှုဖလှယ်ခြင်းသည် မှန်ကန်သော မျှော်မှန်းချက်များ ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်သစ်တွင် အခြေကျအောင်မြင်ရန် လိုအပ်သော အရည်အသွေးနှင့် စိတ်ဓါတ်ကို သင်ကြားပေးသည်။ USRAP သည် ယဉ်ကျေးမှုဖလှယ်ခြင်း သင်ရိုးညွှန်းတမ်းကို ဆယ်စုနှစ်ပေါင်းများစွာ ရရှိခဲ့သော အတွေ့အကြုံပေါ်မူတည်၍ ပြုစုထားသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေချ နေထိုင်ခြင်းနှင့်ပတ်သက်၍ သင်သိလိုသမျှ ဖြေပေးနိုင်ပြီး စိန်ခေါ်မှုများကို ရှင်းလင်းပြောဆို ပေးနိုင်သော ဘာသာစကားကြွယ်ဝပြီး လူမျိုးစုပေါင်းစုံပါဝင်သည့် ဝန်ထမ်းများက သင်ကြားပေးမည်။