အဆင့် (၆): ရောက်ရှိခြင်း

အဆင့် (၆) ရောက်ရှိခြင်း
ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် အမေရိကန် ပြည်ထောင်စုတွင် ပထမ ရက် ၃၀ မှ ၉ဝအတွင်း သင်၏ အခြေခံလိုအပ်ချက်များကို ကူညီပေးမည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီဝန်ထမ်းသည် သင့်ပထမဆုံးလတွင် နေစရာစီစဉ်ပေးမည်။ သန့်ရှင်းပြီး လုံခြုံသော တန်ဖိုးသင့် ပတ်ဝန်းကျင်တွင် အိမ်တစ်လုံးရှာပေးမည်။ သင်သည် အမေရိကန် ပြည်ထောင်စုတွင် တရားဝင် အလုပ်လုပ်ခွင့် ရရှိမည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် သင့်ကို အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုများနှင့် မိတ်ဆက်ပေးမည်။ သင့်တွင် ကျောင်းနေအရွယ် သားသမီးရှိပါက အခမဲ့ပြည်သူလူထုကျောင်းများတွင် တက်နိုင်သည်။
အမေရိကန်ပြည်ထောင်စုသို့ ရောက်သည်နှင့် အခြားသူများနည်းတူ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့်စသော အခွင့်အရေးများကို နှစ်သက်မည် ဖြစ်သည်။ သင့်အကြံကို ထုတ်ဖော်ပြောဆိုခြင်း၊ သင့်ဘာသာတရားကို ကိုးကွယ်ခြင်း၊ သူငယ်ချင်း အုပ်စုလိုက်တွေ့ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းများ ရှိမည်မဟုတ်ပါ။ တစ်နှစ်ပြည့်ပါက အမြဲတမ်း နေထိုင်သူ (Permanent Resident) ဖြစ်မည်။ ၅ နှစ်ပြည့်ပါက အမေရိကန်နိုင်ငံသား လျှောက်ထား နိုင်သည်။ နိုင်ငံသားဖြစ်ပြီးပါက မဲပေးပိုင်ခွင့်ရှိသည်။